Don't have a YPay account? Register

personal
Y-Pay (Personal) အသုံးပြုရန်နည်းလမ်း

1. Y-Pay Online Payment System ကိုအသုံးပြုရန်အတွက် ဦးစွာသက်ဆိုင်ရာဘဏ်(AGD Bank)တွင် လိုအပ်သော စာရွက်စာတမ်း၊ အထောက်အထားများနှင့်အတူ ငွေစာရင်း Bank Account ဖွင့်ရပါမည်။ သက်ဆိုင်ရာဘဏ်အလိုက် လိုအပ်ချက်များ၊ ကန့်သတ်ချက်များအား (Terms & Conditions) တွင် ကြည့်နိုင်ပါသည်။


2. သက်ဆိုင်ရာဘဏ်တွင် Bank Account ဖွင့်ပြီး ငွေသွင်းပြီးပါက ဘဏ်မှ Bank Account နှင့် သက်ဆိုင်သော စာရင်းစာအုပ်နှင့် လျှို့ဝှက်နံပါတ် (Pin Code) အား စာရင်းပိုင်ရှင်မှ ကိုယ်တိုင်ကိုယ်ကျ ရိုက်သွင်းရမည်။ ယင်းလျှို့ဝှက်နံပါတ်ကို အခြားသူများသို့ ထုတ်ဖော်ပြသခြင်း၊ ပြောပြခြင်း၊ ခွဲဝေသုံးစွဲခြင်း မပြုဘဲ စာရင်းပိုင်ရှင်မှ လျှို့ဝှက်စွာထိန်းသိမ်းထားရမည်။


3. သက်ဆိုင်ရာဘဏ် (AGD Bank) တွင် Bank Account ဖွင့်ပြီးပါက Online Payment (Internet Website) များပေါ်မှ ငွေပေးချေမှုများ ပြုလုပ်နိုင်ရန် http://www.ypay.com.mm တွင် အသုံးပြုမည့်သူကိုယ်တိုင် Register ပြုလုပ်ရပါမည်။


4. http://www.ypay.com.mm တွင် Register ပြုလုပ်ပြီးပါက Y-Pay ဖြင့် online ပေါ်မှ ငွေပေးချေမှုများဆောင်ရွက်နိုင်ရန် မိမိဖွင့်လှစ်ထားသော Bank Account ဖြင့် (Add Bank Account) ပြုလုပ်ရပါမည်။


5. မိမိဖွင့်လှစ်ထားသော Bank Account ဖြင့် (Add Bank Account) & (Verify Bank Account) ပြုလုပ်ပြီးပါက Online ပေါ်တွင် Y-Pay ဖြင့်ချိတ်ဆက်ထားသော Website များနှင့် ငွေပေးချေမှုများ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။


6. YPay Account တွင်သင်ဝယ်ယူထားသော Shopping Record နှင့် Invoices များကိုလည်း မိမိ Y-Pay Account ကိုအသုံးပြု၍ အချိန်မရွေးပြန်လည်ကြည့်ရှု့ စစ်ဆေးနိုင်ပါသည်။


7. Y-Pay Account တွင် Register မပြုလုပ်မှီ Y-Pay မှသတ်မှတ်ထားသော Privacy Policy & User Agreement များကို လိုက်နာရမည်ဖြစ်သည်။


8. Y-Pay Online Payment System ကိုအသုံးပြု၍ အွန်လိုင်းပေါ်မှ ငွေပေးချေမှုလုပ်ငန်းအား (၂၄) နာရီ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

Featured Merchants
Electric Billing Yatanarpon ADSL Bill GSM / CDMA TopUp
Contact Us

YPay Office

01-507049 , 01-507051

Building 6, Room 3, MICT Park
Universities of Hlaing Campus, Yangon.

info@ypay.com.mm

Partner